အမေးများသောမေးခွန်းများ

မိမိနေထိုင်ရာအိမ်ပတ်ဝန်းကျင် ပြောင်းလဲမှုသည် များစွာအထောက်အပံ့ဖြစ်စေပါသည်။ ၎င်းတို့မှာ -

  • မိမိနေထိုင်ရာပတ်ဝန်းကျင်၊ အခန်း (ဥပမာ - မီးဖိုချောင်၊ စာကြည့်ခန်း) တို့တွင် အလင်းရောင်ကောင်းစွာရရှိရန် မီးချောင်းများတပ်ဆင်ပါ။အခန်းတွင်းသို့ လူဝင်လာပါကအလိုအလျောက် မီးလင်းစေသောစနစ်ကိုတပ်ဆင်ထားခြင်းဖြင့် မီးရောင်မှိန်ခြင်းကြောင့် ရရှိစေသောထိခိုက်ဒဏ်ရာရ နှုန်းကိုလျှော့ချပေးနိုင်ပါသည်။
  • အတက်အဆင်း၊ အနိမ့်အမြင့်ရှိသောနေရာများကိုအရောင်ပါသောတိပ်များနှင့် အမှတ်အသားပြုလုပ်ပါက ချော်လဲမှုကိုလျှော့နည်းစေသည်။
  • ပုံနှိပ်စာလုံးကြီးကြီးပါသောနာရီ၊ လက်ပတ်နာရီ၊ စာဖတ်ကူပစ္စည်းများ (ဥပမာ -မှန်ဘီလူး) ကိုအသုံးပြုပါ။ အသံပါသောနာရီ၊ အသံထွက်ဖတ်ပြသောစာအုပ်စသည်တို့ကိုလည်းအသုံးပြုနိုင်သည်။ ထိုအကြောငး့်အရာ များနှင့် ပတ်သက်၍ မျက်စိဆရာဝန် နှင့် တိုင်ပင်၍ အကူအညီရယူပါ။
  • အကယ်၍ ကားမောင်းနှင်လိုပါကကားမောင်းလိုင်စင်သတ်မှတ်ချက်စည်းကမ်းများနှင့် ကိုက်ညီမှုရှိမရှိမျက်စိ ဆရာဝန်နှင့် ပြသ၍ စစ်ဆေးစမ်းသပ်မှု ပြုလုပ်ပါ။

အသက်ကြီးလာခြင်းအားတားဆီး၍ မရသော်လည်းအချို့သောအခြေအနေတွင် ရောဂါဖြစ်ပွားနှုန်းနှင့် ရောဂါအခြေအနေဆိုးရွားမှုကိုလျှော့ချအောင် ပြုလုပ်ပေးနိုင်ပါသည်။

  • ဆေးလိပ်သောက်ခြင်းနှင့် အသက်ကြီးသောကြောင့် ဖြစ်သောအမြင်လွှာဆွေးခြင်းရောဂါသည် ဆက်စပ်မှုရှိသည်။ ဆေးလိပ်ဖြတ်ပါကထိုရောဂါဖြစ်ပွားနှုန်းကိုသိသိသာသာလျှော့ချပေးနိုင်ပါသည်။
  • ခရမ်းလွန်ရောင်ခြည်သည် အတွင်းတိမ်နှင့် အသက်ကြီးသောကြောင့်ဖြစ်သောအမြင်လွှာဆွေးခြင်း ရောဂါဖြစ်ပွားမှုကို မြင့်တက်စေသည်။ ထို့ကြောင့် နေရောင်ခြည်ထဲတွင် နေကာမျက်မှန်တပ်ဆင်၍ သွားလာ လှုပ်ရှားသင့်ပါသည်။
  • အချို့သောအားကစားနည်းများ (ဥပမာ-ဘက်တံရိုက်ခြင်း)၊ စက်ကိရိယာအချို့အသုံးပြုသောအလုပ်ခွင်နှင့် အိမ်များတွင် မျက်စိထိခိုက်မှုများ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် မျက်စိအား အန္တရာယ်ဖြစ်စေ သောကစား နည်း၊ လုပ်ငန်းခွင် ဥပမာ-(ကြက်တောင်၊ ပင်ပေါင်ဘောလုံး၊ သံစ) များတွင် မျက်စိအကာအကွယ်များတပ်ဆင်ထားသင့်သည်။
  • အနီးအလုပ်များ (ဥပမာ- စာဖတ်၊ တီဗီကြည့်၊ i pad အသုံးပြုခြင်းနှင့် စက်ချုပ်ခြင်း) ကြောင့်မျက်စိ ကြွက်သားညောင်းခြင်းကိုလျှော့ချနိုင်ရန် (20-20-20 Rule) ကိုအသုံးပြုနိုင်သည်။ ၎င်းမှာ 20 မိနစ် အနီးအလုပ်လုပ်ပြီးတိုင်း 20 စက္ကန့်မျှ အကွာအဝေးပေ 20 ခန့်ကို ကြည့်ပေးခြင်းဖြစ်သည်။ မျက်ရည်တု အသုံးပြုခြင်းဖြင့်လည်းမျက်စိခြောက်ရောဂါကိုသက်သာစေပါသည်။

မျက်စိရောဂါလက္ခဏာ ရုတ်တရက်ဖြစ်ပေါ်လာပြီး ပိုမိုဆိုးရွားလာလျှင် သတိထားသင့်ပါသည်။ အကယ်၍ သံသယရှိပါကစောစီးစွာအကူအညီရယူပါ။ အချိုသောသံသယရှိဖွယ် ရောဂါလက္ခဏာများမှာ

  • ရုတ်တရက် အမြင်ဝါးခြင်း
  • မျက်မှန်တပ်သော်လည်းအမြင်ပိုမိုကြည်လင်လာမှု မရှိခြင်း
  • ရုတ်တရက် အမှုန်များ/အလင်းတန်းများမြင်ခြင်း
  • ဘေးမြင်ကွင်များပျောက်လာခြင်း
  • မြင်ကွင်းအတွင်းရှိပုံရိပ်များတွန့်ခြင်း
  • မျက်စိနာခြင်း၊ ယောင်ခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ မျက်စိနီခြင်း
  • မျက်စိနာခြင်း နှင့် အမြင်ဝါးခြင်းအပြင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းဖြစ်ခြင်း
  • ပုံရိပ် နှစ်ခု/နှစ်ထပ်မြင်ခြင်း

မျက်စိရောဂါအများစုမှာအစပထမတွင် ရောဂါလက္ခဏာပြသလေ့မရှိပါ။ မျက်စိစမ်းသပ်စစ်ဆေးခြင်းမှ ရောဂါများသိရှိပြီးဆိုးရွားသောမျက်စိပျက်စီးထိခိုက်မှုမဖြစ်ခင် စောစီးစွာကုသမှု ပြုလုပ်နိုင်သည်။ ထို့ကြောင့် အောက်ပါအချက်အလက်နှင့် ကိုက်ညီသူများသည် ပုံမှန်မျက်စိစစ်ဆေးမှုပြုလုပ်ရန် လိုအပ်ပါသည်။

  • အသက် (၄၅) နှစ်ကျော်လျှင်
  • ဆေးလိပ်သောက်လျှင်
  • အခြားသောရောဂါများ - ဥပမာဆီးချိုရောဂါရှိလျှင်
  • မိသားစုမျိုးရိုးတွင် မျက်စိရောဂါဖြစ်ပွားမှုရှိလျှင် - ဥပမာ- အမြင်လွှာဆွေးရောဂါ၊ ရေတိမ်ရောဂါ၊
  • မျက်စိထိခိုက်မှု ဖြစ်စေသောအလုပ်အကိုင်လုပ်သောသူဖြစ်လျှင် ဥပမာ - ပြင်းထန်သောနေရောင်အောက်တွင် အချိန်ကြာမြင့်စွာအလုပ်လုပ်ရသူ
  • အခြားသောသံသယရှိဖွယ် ကားမောင်းရသူမျက်စိရောဂါလက္ခဏာ ဖြစ်ပွားမှုရှိလျှင်

အမြင်မှုန်ဝါးစေသောအကြောင်းအချက်များစွာရှိပါသည်။ အချို့အခြေအနေသည် အရေးမကြီးသော်လည်း တစ်ခါတစ်ရံအလွန်ဆိုးရွားသောရောဂါ၏ အစပျိုးလက္ခဏာဖြစ်စေပါသည်။ အောက်ပါအခြေအနေများတွင် ချက်ချင်းပြသရန် လိုအပ်ပါသည်။

  • အမြင်ရုတ်တရက် (သို့) လျှင်မြန်စွာချို့ယွင်းသွားလျှင် အမြင်ကြောင့် မိမိ၏ နေ့စဉ်လုပ်ငန်းများ အားအနှောက်အယှက်ဖြစ်စေ (သို့) အမြင်အာရုံချို့ယွင်းမှုကြောင့် မိမိနှစ်သက်သော၊ ဝါသနာပါသောအရာ များအားဆက်လက်မလုပ်ကိုင်နိုင်ခြင်း။ ဥပမာ- စာဖတ်ခြင်း၊ ဂေါက်ရိုက်ခြင်း၊ ရေရှည် ခရီးထွက်ခြင်းစသည့် မိမိ၏ အမြင်ဝါးမှုအားမျက်မှန် (သို့) မျက်ကပ်မှန်ဖြင့် ပိုမိုကြည်လင်အောင် မပြုလုပ်နိုင်သောအခါ။

ကျေးဇူးပြု၍ အောက်ပါအချက်အလက်များယူဆောင်လာပေးရန်

  • အခြားသောဆရာဝန်မှ လွှဲစာ ယခုလက်ရှိတပ်နေသောမျက်မှန်၊ ယခင်တပ်ဆင်ခဲ့သောမျက်မှန်(သို့) မျက်ကပ်မှန်
    • အခြားသောဆေးမှတ်တမ်းများ၊ သွေးအဖြေမှတ်တမ်းများ
    • ယခုသောက်သုံး၊ သုံးစွဲနေသောဆေးဝါးများ (ဆေးအမည်၊ သောက်ရသောအရေအတွက်နှင့် အကြိမ်ရေ) အပြည့်အစုံ

ပြီးပြည့်စုံသောမျက်စိစစ်ဆေးစမ်းသပ်မှုပြုလုပ်ရန် နာရီများစွာလိုအပ်သောကြောင့် မိမိ၏ အားလပ်ချိန်ဖြစ်လျှင် ပိုမိုကောင်းမွန်ပါသည်။ အကယ်၍ မျက်စိသူငယ်အိမ်ချဲ့၍ မျက်စိနောက်ခန်းအားစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်ပါကအနည်းဆုံး ၃ နာရီမှ ၆ နာရီခန့် ခေတ္တအမြင်အာရုံဝါးစေပါသည်။အထူးသဖြင့် အဝေးအမြင်ထက် အနီးအမြင်ကိုပို၍ ဝါးစေပါသည်။ အလင်းဖြာ၊ အလင်းစူးခြင်းလည်းဖြစ်စေပါသည်။ ထိုအချိန်တွင် ကားမောင်းခြင်းကိုရှောင်ကြဉ်သင့်ပါသည်။ နေကာမျက်မှန်တပ်ခြင်းဖြင့် အလင်းဖြာ၊ အလင်းစူးခြင်း ကိုကာကွယ် ပေးပါသည်။ ဖြစ်နိုင်ပါကမိမိနှင့် အတူအဖော်တစ်ဦးကိုလိုက်ပါဝေသင့်ပါသည်။ မျက်စိဆရာဝန်နှင့် မတွေ့ဆုံမီအခြေခံမျက်စိစစ်ဆေးမှုအားဖြင့် အမြင်စမ်းသပ်ခြင်း၊ မျက်စိရေပေါင်ချိန်စမ်းသပ်ခြင်း၊ လိုအပ်ပါကမျက်မှန်ပါဝါရှိမရှိစမ်းသပ်ခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။ မျက်စိဆရာဝန်မှ မျက်စိရှေ့ခန်းအားစက်ဖြင့် ကြည့်ရှုစစ်ဆေးပေးပြီးလိုအပ်ပါကမျက်စဉ်းထည့်၍ မျက်စိသူငယ်အိမ်အားချဲ့၍ မျက်စိနောက်ခန်းအားစစ်ဆေးပေးပါမည်။ မျက်စိစစ်ဆေးနေစဉ်အတွင်းစူးရှ သောမီးဖြင့် မျက်စိအားထိုး၍ ကြည့်ရှုပေးရပါသည်။ သို့သော် ထိုစူးရှသောမီးအလင်းသည် မျက်စိအား အန္တရာယ် မဖြစ်စေပါ။ အခြေခံစစ်ဆေးစမ်းသပ်မှုပြီးသောအခါ မျက်စိဆရာဝန်မှ အခြားသောစမ်းသပ်စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်ပါကရှင်းပြဆွေးနွေးတိုင်ပင်မှု ပြုလုပ်ပေးပါမည်။

လူကြီးမင်းတို့၏ မျက်စိ​ရောဂါများကို Myanmar Eye Centre တွင် ကျွမ်းကျင်​သောဆရာဝန်များနှင့် ပညာရှင်များမှ
အ​ကောင်းမွန်ဆုံး ​ဆွေး​နွေးတိုင်ပင်ကုသ​ပေးလျက်ရှိပါသည်။

ရက်ချိန်းရယူရန်